TNKFOOD ဝန်ဆောင်မှုအသုံးပြုခြင်း စည်းကမ်းသတ်မှတ်ချက်များ

 

အပိုဒ် ၁ (ရည်ရွယ်ချက်)

ဤ စည်းကမ်းသတ်မှတ်ချက်သည် TNK FOOD (အထက်ဖော်ပြပါ “ကုမ္ပဏီ”ဟုခေါ်ဝေါ်မည်) မှ ပြုလုပ်ထားသော အွန်လိုင်းမောလ် TNK FOOD(အထက်‌ဖော်ပြပါ “မောလ်” ဟုခေါ်ဝေါ်မည်) တွင် အသုံးပြုထားသည့် အင်တာနက်နှင့် ဆက်စပ်သော ဝန်ဆောင်မှုများ (အထက်ဖော်ပြပါ “ဝန်ဆောင်မှု” ဟုခေါ်ဝေါ်မည်) ကို အသုံးပြုရာတွင် ကုမ္ပဏီနှင့် အသုံးပြုသူကြား ရပိုင်ခွင့်များ၊ ဝတ္တရားများနှင့် တာဝန်များကို သတ်မှတ်ရန် ရည်ရွယ်ပါသည်။

 

အပိုဒ် ၂ (အဓိပ္ပာယ်)

①  “မောလ်” ဆိုသည်မှာ ကုမ္ပဏီက အသုံးပြုသူများထံကို ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ   (အထက်ဖော်ပြပါ “ကုန်ပစ္စည်း စသဖြင့်” ဟုခေါ်ဝေါ်မည်) ပေးဆောင်ရန်အတွက် ကွန်ပြူတာအပါအဝင် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးပစ္စည်းများကို အသုံးပြု၍ ကုန်ပစ္စည်းစသဖြင့် အရောင်းအဝယ် လုပ်ဆောင်နိုင်ရန် ဖန်တီးထားသော virtual ရောင်းဝယ်ရေးလုပ်ငန်းခွင်တစ်ခုကို ဆိုလိုသည်။ ထို့အပြင် အွန်လိုင်းမောလ်ကို လည်ပတ်သော စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ကိုလည်း ကိုယ်စားပြုသည်။

“အသုံးပြုသူ” ဆိုသည်မှာ “မောလ်” သို့ဝင်ရောက်၍ ဤ စည်းကမ်းသတ်မှတ်ချက်များအရ “မောလ်” မှပေးသည့် ဝန်ဆောင်မှုများကို ရရှိသည့် မန်ဘာများနှင့် မန်ဘာမဟုတ်သူများကို ဆိုလိုသည်။

‘မန်ဘာ’ ဆိုသည်မှာ ကုမ္ပဏီထံသို့ ကိုယ်ရေးအချက်အလက်များကို ပေးပို့၍ ဝန်ဆောင်မှုအတွက် မန်ဘာအဖြစ် မှတ်ပုံတင်ထားသူဖြစ်ပြီး၊ ဝန်ဆောင်မှုဆိုင်ရာအချက်အလက်များကို ဆက်လက်ရရှိနိုင်သည့် အပြင် ကုမ္ပဏီမှ ပေးဆောင်သည့် ဝန်ဆောင်မှုများကို အဆက်မပြတ် အသုံးပြုနိုင်သူကို ဆိုလိုသည်။

 

အပိုဒ် ၃ (စည်းကမ်းသတ်မှတ်ချက်တင်ပြခြင်းနှင့် ပြောင်းလဲခြင်း)

ကုမ္ပဏီသည် ဤစည်းကမ်းသတ်မှတ်ချက်၏ အကြောင်းအရာနှင့်အတူ ကိုယ်စားလှယ်အမည်၊ စီးပွားရေး လုပ်ငန်းတည်နေရာလိပ်စာ (သုံးစွဲသူ၏ မကျေနပ်မှုများကို ဖြေရှင်းနိုင်သောနေရာ၏ လိပ်စာအပါအဝင်)၊ ဖုန်း နံပါတ်၊ FAX နံပါတ်၊ Email လိပ်စာ၊ လုပ်ငန်းမှတ်ပုံတင်နံပါတ်၊ အွန်လိုင်း ရောင်း ဝယ်ရေး မှတ်ပုံတင်နံပါတ် နှင့် ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲသူအမည်ကို အသုံးပြုသူများ အလွယ်တကူသိရှိနိုင်ရန် ဝန်ဆောင်မှု၏ မူလစာမျက်နှာ (ရှေ့ဆုံးစာမျက်နှာ)တွင်ဖော်ပြထားပါသည်။ သို့သော် စည်းကမ်းသတ်မှတ်ချက်အကြောင်း အရာကို အသုံးပြုသူများ အချိတ်အဆက်စာမျက်နှာမှတဆင့် ကြည့်ရှုနိုင်အောင် ပြုလုပ်နိုင်ပါ သည်။

ကုမ္ပဏီသည် အသုံးပြုသူများက စည်းကမ်းသတ်မှတ်ချက်ကို သဘောတူရန်မတိုင်မှီ သတ်မှတ်ချက်တွင် ဖော်ပြထားသော ဝယ်ယူမှုသဘောတူညီမှုရုတ်သိမ်းခြင်း၊ ပစ္စည်းပို့ဆောင်မှုတာဝန်၊ ပြန်လည်ပေးငွေ သတ်မှတ်ချက်များကဲ့သို့သော အရေးကြီးသောအချက်များကို အသုံးပြုသူများ အလွယ်တကူ နားလည်နိုင် စေရန် သီးခြားချိတ်ဆက်စာမျက်နှာများ သို့မဟုတ် Pop-up စာမျက်နှာစသဖြင့် ပြသပေးပြီး အသုံးပြုသူ၏ အတည်ပြုမှုကို ရယူနိုင်ပါသည်။

ကုမ္ပဏီသည် အွန်လိုင်းစီးပွားရေးနှင့်ဆိုင်သော စားသုံးသူအကာအကွယ်ဥပဒေ၊ စည်းကမ်း သတ်မှတ်ချက် များကိုကိုင်တွယ်မှုဥပဒေ၊ အွန်လိုင်းစီးပွားရေးဥပဒေ၊ အွန်လိုင်းလက်မှတ်ဥပဒေ၊ သတင်းအချက်အလက် ဆက်သွယ်ရေးကွန်ယက်အသုံးပြုမှုနှင့် သတင်းအချက်အလက်လုံခြုံရေးဥပဒေ၊ လာရောက်ဈေးဝယ်ခြင်းနှင့် သက်ဆိုင်သောဥပဒေ၊ စားသုံးသူကာကွယ်မှုဥပဒေ စသည့် သက်ဆိုင်ရာ ဥပ‌ဒေများကို ချိုးဖျက်ခြင်းမရှိသည့် အကန့်အသတ်ထဲမှ ဤ သတ်မှတ်ချက်များကိုပြင်ဆင်နိုင်ပါသည်။

ကုမ္ပဏီသည် ဤ စည်းကမ်းသတ်မှတ်ချက်ကို ပြင်ဆင်ပါက ပြင်ဆင်သောရက်စွဲနှင့် ပြင်ဆင်ရသည့် အကြောင်းအရာများကို ဖော်ပြပြီး လက်ရှိစည်းကမ်းသတ်မှတ်ချက်နှင့်အတူ ဝန်ဆောင်မှုမူလစာမျက်နှာတွင် အဆိုပါ ရက်စွဲမှ ၇ ရက်အထိ အသိပေးပါမည်။ သို့သော် အသုံးပြုသူအား အတော်အကျိုးသက်ရောက်နိုင်သော စည်းကမ်းသတ်မှတ်ချက်များ ပြောင်းလဲပါက အနည်းဆုံး ရက် ၃၀နှင့်အထက် ကြိုတင်သတိပေးကာ အသိပေးပါမည်။ ဤကိစ္စတွင် ကုမ္ပဏီသည် ပြင်ဆင်မှုမပြုလုပ်ခင် မူလအကြောင်းအရာနှင့် ပြင်ဆင်ပြီးသော အကြောင်းအရာများကို ယှဥ်၍ အသုံးပြုသူများ အလွယ်တကူ နားလည်နိုင်စေရန် ဖော်ပြပါမည်။

အသုံးပြုသူသည် ပြောင်းလဲသော စည်းကမ်းသတ်မှတ်ချက်များကို သဘောတူညီမှုမရှိပါက ဝန်ဆောင်မှု အသုံးပြုခြင်းကို ပိတ်ပင်နိုင်ပြီး၊ ဆက်လက်အသုံးပြုပါက ထိုစည်းကမ်းသတ်မှတ်ချက် ပြောင်းလဲမှုများကို သဘောတူခဲ့ခြင်းဟု သတ်မှတ်ပါမည်။

 

 

အပိုဒ် ၄ (စည်းကမ်းသတ်မှတ်ချက်အပြင် မူဝါဒများ)

ဤ စည်းကမ်းသတ်မှတ်ချက်တွင် မပါဝင်သော အကြောင်းအရာများနှင့် ဤ စည်းကမ်းသတ်မှတ်ချက်၏ အဓိပ္ပာယ်ရှင်းလင်းခြင်းအားပတ်သတ်၍ အွန်လိုင်းစီးပွားရေးနှင့်ဆိုင်သော စားသုံးသူအကာအကွယ်ဥပဒေ၊ စည်းကမ်းသတ်မှတ်ချက်များကို ကိုင်တွယ်မှုဥပဒေ၊ တရားဝင်စီးပွားရေးကော်မရှင်၏ အွန်လိုင်းစီးပွားရေးနှင့် ဆိုင်သော စားသုံးသူအကာအကွယ်လမ်းညွှန်များနှင့် ဆိုင်ရာဥပဒေများ သို့မဟုတ် ပုံမှန်လမ်းညွှန်မှုများအတိုင်း ဆောင်ရွက်ပါမည်။

 

အပိုဒ် ၅ (ဝန်ဆောင်မှုပေးခြင်းနှင့် ပြောင်းလဲခြင်း)

ကုမ္ပဏီသည် အောက်ပါ ဝန်ဆောင်မှုများကို ပေးပါသည်။

၁။ ကုန်ပစ္စည်းများသို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သတ်သော အချက်အလက်များကို ပေးခြင်းနှင့် ဝယ်ယူမှု သဘောတူညီမှုစာချုပ် ဖျက်သိမ်းခြင်း

၂။  ဝယ်ယူမှုသဘောတူညီမှု ဖျက်သိမ်းထားသောကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ပို့ဆောင်ခြင်း

၃။ ကုမ္ပဏီမှ သတ်မှတ်ထားသော အခြားဝန်ဆောင်မှုလုပ်ငန်းများ

ကုမ္ပဏီသည် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ကုန်ဆုံးခြင်းသော်လည်းကောင်း နည်းပညာဆိုင်ရာ စံနှုန်းများပြောင်းလဲခြင်းရှိသည့်အခါတွင် နောင်တွင်ပေးမည့် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ၏ အကြောင်းအရာကို ပြောင်းလဲနိုင်ပါသည်။ ဤတွင် ပြောင်းလဲသည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ၏ အကြောင်းအရာ။ ပေးသည့်ရက်စွဲ စသည်တို့ကို ဝန်ဆောင်မှုတွင် ဖော်ပြပြီးအသိပေးပါမည်။

ကုမ္ပဏီသည် အသုံးပြုသူနှင့် သဘောတူထားသော ဝန်ဆောင်မှုအကြောင်းအရာများသည် ကုန်ပစ္စည်း ကုန်ဆုံးခြင်း သို့မဟုတ် နည်းပညာဆိုင်ရာ စံနှုန်းများပြောင်းလဲခြင်းကြောင့် မဖြစ်မနေ ပြောင်းလဲရပါက ထိုအကြောင်းအရာကို အသုံးပြုသူအား ချက်ချင်းအသိပေးပါမည်။

အပေါ်တွင်ပြထားသော အခြေအနေများတွင် ကုမ္ပဏီသည် ၎င်းကြောင့် အသုံးပြုသူများ ခံစားရသော ဆုံးရှံးမှုများကို အလျော်ပေးပါမည်။ သို့သော် ကုမ္ပဏီ၏ ရည်ရွယ်ချက်ရှိရှိပြုလုပ်မှု သို့မဟုတ် ပေါ့ဆမှုမရှိကြောင်း အထောက်အထားပြသနိုင်ပါက လျော်‌ကြေးပေးမည်မဟုတ်ပါ။

 

အပိုဒ် ၆ (ဝန်ဆောင်မှု ရပ်ဆိုင်းခြင်း)

ကုမ္ပဏီသည် ကွန်ပြူတာစနစ် သို့မဟုတ် သတင်းအချက်အလက်ဆက်သွယ်‌ရေးပစ္စည်းများ ပြုပြင် ထိန်းသိမ်းခြင်း၊ ပြောင်းလဲခြင်းနှင့် ပျက်စီးခြင်း၊ ဆက်သွယ်‌ရေးပြတ်တောက်ခြင်း အစရှိသည့် အခြေအနေများ ဖြစ်ပေါ်ပါက ဝန်ဆောင်မှုပေးခြင်းကို ယာယီရပ်ဆိုင်းနိုင်ပါသည်။

ကုမ္ပဏီသည် ပုဒ်မ ၁ ၏ အကြောင်းအရာကြောင့် ဝန်ဆောင်မှုရပ်ဆိုင်းခြင်းတွင် အသုံးပြုသူများအနေဖြင့် ဆုံးရှုံးမှုရှိပါက ၎င်းအတွက် အလျော်ပေးပါမည်။ သို့သော် ကုမ္ပဏီ၏ ရည်ရွယ်ချက်ရှိရှိပြုလုပ်မှု သို့မဟုတ် ပေါ့ဆမှုမရှိကြောင်း အထောက်အထားပြသနိုင်ပါက လျော်ပေးမည်မဟုတ်ပါ။

ကုမ္ပဏီသည် လုပ်ငန်းအမျိုးအစားပြောင်းလဲခြင်း၊ လုပ်ငန်းရပ်ဆိုင်းခြင်း၊ ကုမ္ပဏီအကြားပေါင်းစည်းခြင်း စသည့် အကြောင်းများကြောင့် ဝန်ဆောင်မှုများကို ပေးဆောင်နိုင်ခြင်းမရှိတော့ပါက ကုမ္ပဏီသည် အပိုဒ် ၈တွင် သတ်မှတ်ထားသော နည်းလမ်းအတိုင်း အသုံးပြုသူများအား အသိပေးပါမည်။

 

အပိုဒ် ၇ (မန်ဘာဝင်ခြင်း)

အသုံးပြုသူသည် ကုမ္ပဏီမှသတ်မှတ်ထားသော မန်ဘာဝင်ခြင်းပုံစံအတိုင်း မန်ဘာအချက်အလက်များကို ဖြည့်စွက်ပြီး ဤစည်းကမ်းသတ်မှတ်ချက်များကို သဘောတူညီကြောင်းဖော်ပြခြင်းဖြင့် မန်ဘာဝင်ရန် လျှောက်ထားနိုင်သည်။

ကုမ္ပဏီသည် ပုဒ်မ ၁ အတိုင်း မန်ဘာဝင်ရန်လျှောက်ထားသူများအနက် အောက်ပါ အချက်အလက် များတွင် မပါဝင်သည့် မန်ဘာအဖြစ်စာရင်းသွင်းမည်။

၁။ လျှောက်ထားသူသည် အပိုဒ် ၇(၃)အရ ယခင်က မန်ဘာဝင်ရန်ဆုံးရှုံးဖူးသူဖြစ်ပါက ၊ သို့သော် မန်ဘာ ဝင်ရန် အခွင့်အ‌ရေးကိုဆုံးရှုံးပြီး ၃ နှစ်ကျော်လွန်ပြီးနောက် ကုမ္ပဏီမှပြန်လည်စာရင်းသွင်းရန် သဘောတူညီချက် ရရှိထားပါက ထိုသူကို ခြွင်းချက်အဖြစ်လက်ခံမည်။

၂။ စာရင်းသွင်း အချက်အလက်တွင် အတုအယောင်၊ အချက်အလက်လျော့နည်းခြင်း သို့မဟုတ် အချက် အလက်မှားယွင်းမှုများ ရှိသည့်အခြေအနေ

၃။ မန်ဘာအဖြစ် စာရင်းသွင်းခြင်းသည် ကုမ္ပဏီ၏နည်းပညာအရ အတားအဆီးများ ဖြစ်စေသည့်အခြေအနေ

အဖွဲ့ဝင်မှတ်ပုံတင်သဘောတူညီမှုစာချုပ်၏ အတည်ပြုချိန်ကို ကုမ္ပဏီ၏ သဘောတူချက်သည် မန်ဘာဝင် ထံသို့ ရောက်ရှိသည့် အချိန်အတိုင်း သတ်မှတ်ပါမည်။

“မန်ဘာဝင်” သည် အဖွဲ့ဝင်မှတ်ပုံတင်ခြင်းနှင့် ဝယ်ယူမှုသဘောတူညီချက် လျှောက်ထားချိန်တွင် ကုမ္ပဏီထံ တင်သွင်းခဲ့သော မှတ်ပုံတင်အချက်အလက်များတွင် ပြောင်းလဲမှုရှိပါက၊ ၎င်းပြောင်းလဲမှုများကို ချက်ချင်း Email သို့မဟုတ် အခြားနည်းလမ်းများဖြင့် ကုမ္ပဏီအား အသိပေးရမည်ဖြစ်သည်။

 

အပိုဒ် ၈ (မန်ဘာဝင်ခြင်းမှ နှုတ်ထွက်ခြင်းနှင့် အခွင့်အရေးဆုံးရှုံးမှု စသည့် အခြေအနေများ)

①  မန်ဘာဝင်သည် ကုမ္ပဏီထံ အချိန်မရွေး မန်ဘာဝင်ခြင်းမှ နှုတ်ထွက်ရန်တောင်းဆိုနိုင်ပြီး ကုမ္ပဏီသည် ၎င်းကို ချက်ချင်းဆောင်ရွက်ပေးပါမည်။

မန်ဘာဝင်သည် အောက်ပါ အခြေအနေများနှင့် ကိုက်ညီပါက ကုမ္ပဏီသည် မန်ဘာအခွင့်အရေးကို ကန့်သတ်ရန် သို့မဟုတ် ရပ်တန့်နိုင်ပါသည်။

၁။ စာရင်းသွင်းလျှောက်လွှာတွင် အတုအယောင် အချက်အလက်များ ထည့်သွင်းထားသည့် အခြေအနေ

၂။ ဝန်ဆောင်မှုကို အသုံးပြု၍ ဝယ်ယူထားသော ကုန်ပစ္စည်းများ၏ ငွေပေးချေမှု သို့မဟုတ် ဝန်ဆောင်မှု အသုံးပြုမှုနှင့် ဆက်စပ်သည့် မန်ဘာဝင်သည် ပေးချေမှုများကို သတ်မှတ်ရက်အတွင်း မပြုလုပ်သည့်    အခြေ အနေ

၃။ အခြားသူ၏ ဝန်ဆောင်မှုအသုံးပြုမှုကို နှောင့်ယှက်ခြင်း သို့မဟုတ် ၎င်း၏ အချက်အလက်များကို လိမ်လည်ဖျက်ဖျားခြင်းကဲ့သို့ အွန်လိုင်းစီးပွားရေးကို အန္တရာယ်ဖြစ်စေသော အပြုအမူများကို ဆောင်ရွက်သည့် အခြေအနေ

၄။ ဝန်ဆောင်မှုကို အသုံးပြု၍ ဥပဒေများ သို့မဟုတ် စည်းကမ်းသတ်မှတ်ချက်များတွင် တားမြစ် ထားသည့်အပြုအမူများ သို့မဟုတ် လူမှု့ကျင့်ဝတ်နှင့် ဆန့်ကျင်သည့် လုပ်ဆောင်မှုများကို ပြုလုပ်သည့် အခြေအနေ

ကုမ္ပဏီသည် မန်ဘာအခွင့်အရေးကို ကန့်သတ်ခြင်း သို့မဟုတ် ရပ်ဆိုင်းပြီးနောက်၊ တူညီသော အပြုအမူများကို ၂ ကြိမ်အထက် ထပ်မံလုပ်ဆောင်ခြင်း သို့မဟုတ် ရက်၃၀ အတွင်း ထိုအကြောင်းအရင်းများကို ပြုပြင်မထားပါက၊ ကုမ္ပဏီသည် မန်ဘာအခွင့်အရေးကို ရုပ်သိမ်းနိုင်ပါသည်။

ကုမ္ပဏီသည် မန်ဘာအခွင့်အရေးကို ရုပ်သိမ်းသည့်အခါ အဖွဲ့ဝင်မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းပါမည်။ ဤအခါတွင် ကုမ္ပဏီသည် မန်ဘာဝင်အား အသိပေးကြောင်းကြားပြီး၊ မှတ်ပုံတင်ဖျက်သိမ်းမှုမပြုမီ အနည်းဆုံး ၃၀ ရက်သတ်မှတ်ကာ ၎င်းအကြောင်းအရာအပေါ် မန်ဘာဝင်အနေဖြင့် သက်သေပြချက် တင်သွင်းရန် အခွင့်အရေးပေးပါမည်။

 

အပိုဒ် ၉ (မန်ဘာဝင်များအား အသိပေးခြင်း)

ကုမ္ပဏီသည် မန်ဘာဝင်များအား အသိပေးခြင်းကို ဆောင်ရွက်သောအခါ၊ မန်ဘာဝင်များမှ ကုမ္ပဏီအား ထည့်သွင်းပေးထားသော Email လိပ်စာကို အသုံးပြုသည်။

ကုမ္ပဏီသည် မသတ်မှတ်ထားသော မန်ဘာဝင်များအား အသိပေးရန်လိုအပ်ပါက ပတ်အထက် ဝန်ဆောင်မှုကွန်ယက်တွင် ဖော်ပြခြင်းဖြင့် တစ်ဦးချင်းအသိပေးမှုကို အစားထိုးနိုင်ပါသည်။ သို့သော် မန်ဘာဝင် တစ်ဦးစီဝယ်ယူမှုနှင့် ပတ်သက်၍ အရေးကြီးသည့် အချက်များအပေါ်တွင် တစ်ဦးချင်း တိုက်ရိုက် အသိပေးမည်ဖြစ်ပါသည်။

 

အပိုဒ် ၁၀ (ဝယ်ယူမှုလျှောက်ထားခြင်း)

အသုံးပြုသူသည် ဝန်ဆောင်မှုတွင် သတ်မှတ်ထားသော နည်းလမ်းအတိုင်း ကုန်ပစ္စည်းများကို ဝယ်ယူရန် လျှောက်ထားရမည်ဖြစ်ပြီး ကုမ္ပဏီသည် အသုံးပြုသူက ဝယ်ယူမှု လျှောက်ထားရာတွင် အောက်ပါ အချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ရန် တင်ပြရမည်ဖြစ်သည်။

၁။ ကုန်ပစ္စည်းများကို ရှာဖွေရန်နှင့် ရွေးချယ်ရန်

၂။ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ Emailလိပ်စာ (သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ်) အပါအဝင် အချက်အလက်များ ထည့်သွင်းရန်

၃။ စည်းကမ်းသတ်မှတ်ချက်အကြောင်းအရာများ၊ စာရင်းသွင်းမှုကို ရုတ်သိမ်းခွင့်အကန့်အသတ်ရှိသော ဝန်ဆောင်မှုများ၊ ပို့ဆောင်ခ၊ တပ်ဆင်ခ စသည့် ကုန်ကျစရိတ်များနှင့် ဆိုင်သော အချက်အလက်များအား အတည်ပြုခြင်း

၄။ ကုန်ပစ္စည်းများ ဝယ်ယူမှုတောင်းဆိုခြင်းနှင့် ဤအပေါ် အတည်ပြုခြင်း သို့မဟုတ် ကုမ္ပဏီ၏ ထောက်ခံချက် အပေါ် သဘောတူခြင်း

၅။ ငွေပေးချေမှုနည်းလမ်း ရွေးချယ်ခြင်းနှင့် ငွေပေးချေမှု အေဂျင်စီကို ဖော်ပြခြင်း

 

အပိုဒ် ၁၁ (စာချုပ်တည်ဆောက်ခြင်း)

ကုမ္ပဏီသည် အပိုဒ် အတိုင်း ဝယ်ယူလျှောက်ထားခြင်းအပေါ် အောက်ပါအခြေအနေများရှိပါက အတည်ပြုပေးမည်မဟုတ်ပါ။ သို့သော် အသက်မပြည့်သူနှင့် စာချုပ်ချုပ်ဆိုရာတွင် တရားဝင်ကိုယ်စားလှယ်၏ သဘောတူချက် မရရှိပါက အသက်မပြည့်သေးသူ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်သည် စာချုပ်ကို ပယ်ဖျက်နိုင်ကြောင်း အသိပေးပါသည်။

၁။ လျှောက်ထားချက်တွင် အတုအယောင်၊ အချက်အလက် လျော့နည်းမှု သို့မဟုတ် အမှားများရှိပါသည့် အခြေအနေ

၂။ အသက်မပြည့်သူသည် ဆေးလိပ်၊ အရက် စသည့် လူငယ်ကာကွယ်ရေးဥပဒေဖြင့် တားမြစ်ထားသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဝယ်ယူသည့်အခြေအနေ

၃။ အခြား ဝယ်ယူလျှောက်ထားမှုများကို အတည်ပြုခြင်းသည် ကုမ္ပဏီ၏ နည်းပညာအရ အတားအဆီးများ ဖြစ်စေသည့်အခြေအနေ

ကုမ္ပဏီ၏ အတည်ပြုချက်သည် ပုဒ်မ 13(1) အရ အတည်ပြုသတင်းအချက်အလက် ပုံစံဖြင့် အသုံးပြုသူထံ ရောက်ရှိသည့်အချိန်တွင် စာချုပ်တည်ဆောက်သည်ဟု မှတ်ယူနိုင်သည်။

ကုမ္ပဏီ၏ အတည်ပြုဖော်ပြချက်တွင် အသုံးပြုသူ၏ ဝယ်ယူမှုလျှောက်ထားခြင်းအပေါ်အတည်ပြုခြင်း၊ ရောင်းရနိုင်မှု အခြေအနေ၊ ဝယ်ယူမှုလျှောက်ထားခြင်းကို ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း စသည့် အချက်အလက်များပါဝင်ပါသည်။

 

အပိုဒ် ၁၂ (ငွေပေးချေမှုနည်းလမ်း)

ဝန်ဆောင်မှုကိုအသုံးပြု၍ ဝယ်ယူသော ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများအတွက် ငွေပေးချေမှု နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ကုမ္ပဏီသည် ငွေပေးချေမှုနည်းလမ်းအလိုက် ကုန်ပစ္စည်း များ၏ ငွေပမာဏအပေါ် အခွန် သို့မဟုတ် မည်သည့်အပိုအခကြေးငွေကို ကောက်ခံမည်မဟုတ်ပါ။

၁။ Phone banking, Internet banking, Email banking စသည့် အကောင့်လွှဲပြောင်းမှုများ

၂။ ကြိုတင်ငွေပေးကတ်၊ Debit cardCredit card စသည့် ကဒ်ဖြင့် ငွေပေးချေမှု

၃။ အွန်လိုင်းဘဏ်အကောင့်များမှ ငွေပေးချေမှု

၄။ အီလက်ထရောနစ်ငွေကြေးဖြင့် ငွေပေးချေမှု

၅။ လက်ခံရရှိချိန်တွင် ငွေပေးချေမှု

၆။ Mileage ကဲ့သို့ ကုမ္ပဏီမှ ပေးအပ်သော ပွိုင့်များဖြင့် ငွေပေးချေမှု

၇။ ကုမ္ပဏီနှင့် သဘောတူစာချုပ်ထုတ်ထားသော သို့မဟုတ် ကုမ္ပဏီမှ အတည်ပြုထားသော ကုန်ပစ္စည်းကတ် များဖြင့် ငွေပေးချေမှု

၈။ အခြား အီလက်ထရွနစ် ငွေပေးချေမှု နည်းလမ်းများဖြင့် ငွေပေးချေမှု

 

အပိုဒ် ၁၃ (လက်ခံရရှိမှု အတည်ပြုချက်၊ ဝယ်ယူမှုလျှောက်ထားခြင်း ပြောင်းလဲမှုနှင့် ဖျက်သိမ်းခြင်း)

ကုမ္ပဏီသည် အသုံးပြုသူမှ ဝယ်ယူမှုလျှောက်ထားခဲ့လျှင် အသုံးပြုသူထံ လက်ခံရရှိမှု အတည်ပြုချက် ပို့ပေးပါသည်။

လက်ခံရရှိမှုအတည်ပြုချက်ကို ရရှိထားသော အသုံးပြုသူသည်  ဖော်ပြချက်များတွင် မတူညီခြင်းများ    ရှိပါက၊ လက်ခံရရှိမှုအတည်ပြုချက်ကို ရရှိပြီးနောက် ချက်ချင်း ဝယ်ယူမှုလျှောက်လွှာ ပြောင်းလဲခြင်း နှင့် ဖျက်သိမ်းခြင်းကို တောင်းဆိုနိုင်ပြီး ကုမ္ပဏီသည် ပို့ဆောင်ခြင်းမပြုမီ အသုံးပြုသူ၏ တောင်းဆိုမှုအပေါ် အချိန်မီ လုပ်ဆောင်ရမည်။ သို့သော် ငွေပေးချေမှု ပြုလုပ်ပြီးပါက၊ အပိုဒ် ၁၆ တွင် ဖေါ်ပြထားသည့် စာရင်းသွင်းမှု ပယ်ဖျက်ခြင်း စည်းကမ်းများအတိုင်း လုပ်ဆောင်ပါမည်။

 

အပိုဒ် ၁၄ (ကုန်ပစ္စည်းပေးပို့မှု)

ကုမ္ပဏီသည် ကုန်ပစ္စည်းများ၏ ပေးပို့ချိန်နှင့်ပတ်သတ်၍ အသုံးပြုသူနှင့် သီးခြားသဘောတူညီချက် မရှိပါက အသုံးပြုသူမှ ဝယ်ယူသောနေ့မှ ၇ ရက်အတွင်း ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်ရန် အော်ဒါမှာယူခြင်း၊ ပစ္စည်း ထုတ်ပိုးခြင်းအစရှိသော လိုအပ်သော အဆင့်များကို လုပ်ဆောင်ရမည်။ ဤအချိန်တွင် ကုမ္ပဏီသည် အသုံးပြုသူအား ကုန်ပစ္စည်းများ၏ ပေးပို့မှုလုပ်ငန်းစဉ်နှင့် စတင်အဆင့်များကို သေချာစွာ အတည်ပြုနိုင်ရန် သင့်တော်သော လုပ်ငန်းစဥ်များကို ပြုလုပ်ရပါမည်။

ကုမ္ပဏီသည် အသုံးပြုသူမှ ဝယ်ယူထားသော ကုန်ပစ္စည်းများအတွက် ပို့ဆောင်မှုဆိုင်ရာ စနစ်များစနစ်အလိုက် ပို့ဆောင်ကြေး ပေးချေမည့်သူ စနစ်အလိုက် ပို့ဆောင်မှုကာလများအား ဖော်ပြရပါမည်။ အကယ်၍ ကုမ္ပဏီသည် သဘောတူညီထားသော ပို့ဆောင်ချိန်ကာလကို ကျော်လွန်ခဲ့ပါက ဤအခြေအနေ ကြောင့် အသုံးပြုသူ၏ ဆုံးရှုံးမှုများကို သေချာစွာ အလျော်ပေးရပါမည်သို့သော် ကုမ္ပဏီ၏ ရည်ရွယ်ချက် ရှိရှိပြုလုပ်မှု သို့မဟုတ် ပေါ့ဆမှုမရှိကြောင်း အထောက်အထားပြသနိုင်ပါက လျော်ပေးမည်မဟုတ်ပါ။

 

အပိုဒ် ၁၅ (ငွေပြန်အမ်းခြင်း)

ကုမ္ပဏီသည် အသုံးပြုသူမှ ဝယ်ယူမှုတင်သွင်းထားသော ကုန်ပစ္စည်းများ ပစ္စည်းကုန်သွားခြင်း သို့မဟုတ် အခြားအကြောင်းရင်းများကြောင့် ပေးဆောင်ရန် မဖြစ်နိုင်ပါက၊ ချက်ချင်း အသုံးပြုသူအား ထိုအကြောင်း အရာကို သတင်းပေးရပါမည်။ အကယ်၍ ကုန်ပစ္စည်းများအတွက် ငွေကြေးကို ကြိုတင်ပေးချေခဲ့ပါက၊ ငွေပေးချေသောနေ့မှ လုပ်ငန်းရက် ၂ရက်အတွင်း ငွေပြန်အမ်းခြင်း သို့မဟုတ် ငွေပြန်အမ်းရန်အတွက် လိုအပ်သော အဆင့်များကို ဆောင်ရွက်ရပါမည်။

 

အပိုဒ် ၁၆ (ဝယ်ယူမှု ပယ်ဖျက်ခြင်း အစရှိသဖြင့်)

ကုမ္ပဏီနှင့် ကုန်ပစ္စည်းဝယ်ယူမှုနှင့်ပတ်သတ်၍ စာချုပ်ချုပ်ဆိုထားသော အသုံးပြုသူသည် ပြေစာ အတည်ပြုချက်ကို ရရှိသည့်နေ့မှ စတင်ကာ ၇ ရက်အတွင်း ဝယ်ယူမှုကို ပယ်ဖျက်နိုင်သည်။

အသုံးပြုသူသည် ဝန်ဆောင်မှုကိုအသုံးပြု၍ ဝယ်ယူထားသော ကုန်ပစ္စည်းများကို လက်ခံရရှိပြီးသော်လည်း အောက်ပါအခြေအနေများနှင့် ကိုက်ညီပါက ပြန်လှန်ပေးပို့ခြင်း နှင့် လဲလှယ်မှု မပြုလုပ်နိုင်ပါ။

၁။ အသုံးပြုသူ၏ တာဝန်ရှိသည့် ကုန်ပစ္စည်းများ ပျောက်ဆုံးသို့မဟုတ် ပျက်စီးသွားပါက။

(သို့သော် ကုန်ပစ္စည်း ၏ အကြောင်းအရာကို စစ်ဆေးရန်အတွက် ထုတ်ပိုးမှုပျက်စီးခြင်းသာဖြစ်ပါက ဝယ်ယူမှုကို ပယ်ဖျက်နိုင်သည်။)

၂။ အသုံးပြုသူ၏ အသုံးပြုမှု သို့မဟုတ် တစ်စိတ်တစ်ပိုင်းသုံးစွဲမှုကြောင့် ကုန်ပစ္စည်း၏ တန်ဖိုး သိသိသာသာ ကျဆင်းလာခြင်း။

၃။ ပြန်လည်ရောင်းချရန် အခက်အခဲဖြစ်နိုင်လောက်အောင် အချိန်ကြာလာသည်နှင့်အမျှ ကုန်ပစ္စည်း၏ တန်ဖိုး သိသိသာသာ ကျဆင်းလာခြင်း။

၄။ အလားတူစွမ်းဆောင်ရည်ရှိသော ကုန်ပစ္စည်းများဖြင့် ကူးယူနိုင်သည့်အခါ၊ မူလကုန်ပစ္စည်းနှင့် ထုတ်ပိုးမှုကို ဖျက်ဆီးခဲ့ပါက။

ပုဒ်မ အချက် ၂ မှ ၄ ထိ အခြေအနေများတွင် ကုမ္ပဏီသည် ဝယ်ယူမှု ပယ်ဖျက်ခြင်းနှင့်ဆိုင်သော ကန့်သတ်ချက်များကို သုံးစွဲသူများ လွယ်ကူစွာ သတိပြုမိနိုင်သော နေရာတွင် ကြိုတင်ထည့်သွင်းဖော်ပြခြင်း သော်လည်းကောင်း စမ်းသပ်အသုံးပြုရန် ကုန်ပစ္စည်းများ ပေးခြင်းနှင့် ဆက်စပ်အဆင့်ဆင့်များကို မပြုလုပ်ခဲ့ပါက အသုံးပြုသူ၏ ဝယ်ယူမှု ပယ်ဖျက်ခြင်းကို ကန့်သတ်မထားနိုင်ပါ။

အသုံးပြုသူသည် ပုဒ်မ နှင့် ပုဒ်မ ပါ ပြဠာန်းချက်များရှိသော်လည်း  ကုန်ပစ္စည်း၏ အကြောင်းအရာသည် ဖော်ပြထားပုံ၊ ကြော်ငြာအချက်အလက်များနှင့် မတူညီခြင်း သို့မဟုတ် စာချုပ်ပါ အကြောင်းအရာနှင့် မတူညီစွာ ဆောင်ရွက်ထားခြင်းများအတွက်၊ ထိုကုန်ပစ္စည်းကို လက်ခံရရှိသောနေ့မှစ၍ ၃ လအတွင်း၊ သို့မဟုတ် ထိုအကြောင်းအရာကို သိရှိသည့်နေ့ သို့မဟုတ် သိရှိနိုင်သောနေ့မှစ၍ ရက် ၃၀အတွင်း ဝယ်ယူမှုပယ်ဖျက်ခြင်း စသဖြင့် ပြုလုပ်နိုင်ပါသည်

 

 

အပိုဒ် ၁၇ (ဝယ်ယူမှု ပယ်ဖျက်ခြင်း၏ အကျိုးသက်ရောက်မှု)

ကုမ္ပဏီသည် အသုံးပြုသူထံမှ ကုန်ပစ္စည်းများအား ပြန်လည်လက်ခံရရှိပါက လုပ်ငန်းရက် ၃ရက်အတွင်း ပေးချေထားပြီးသော ကုန်ပစ္စည်းတန်ဖိုးအား ငွေပြန်အမ်းရမည်။ ထိုအခါတွင် ကုမ္ပဏီက အသုံးပြုသူအား ငွေပြန်အမ်းမှုကို နှောင့်နှေးသည့်အခါ၊ ထိုနှောင့်နှေးသောကာလအတွက် တရားမျှတသော ကုန်သွယ်ရေး ကော်မရှင်မှ သတ်မှတ်ထားသော အတိုးနှုန်းကို ကျိုးကြောင်းဆီလျော်စွာ ထည့်သွင်းတွက်ချက်၍ နှောင့်နှေး အတိုးနှုန်းကို ပေးချေမည်ဖြစ်သည်

ကုမ္ပဏီသည် အထက်ဖော်ပြပါငွေပေးချေမှုအား ငွေပြန်အမ်းရာတွင် အသုံးပြုသူက ခရက်ဒစ်ကတ် သို့မဟုတ် အီလက်ထရောနစ်ငွေကြေး ကဲ့သို့သော ငွေပေးချေမှုနည်းလမ်းဖြင့် ကုန်ပစ္စည်းတန်ဖိုးကို ပေးဆောင်ထားပါက၊ ၎င်းငွေပေးချေမှုနည်းလမ်းကို ပံ့ပိုးပေးသည့်လုပ်ငန်းထံသို့ ချက်ချင်း ငွေတောင်းခံမှုကို ရပ်တန့်ရန် သို့မဟုတ် ပယ်ဖျက်ရန် တောင်းဆိုရမည်။

③  ဝယ်ယူမှုပယ်ဖျက်သည့် အခြေအနေတွင် လက်ခံရရှိထားသော ကုန်ပစ္စည်းများကို ပြန်လည်ပေးပို့ရန် လိုအပ်သော ကျသင့်ငွေများကို အသုံးပြုသူမှ တာဝန်ယူရမည်။ ကုမ္ပဏီသည် အသုံးပြုသူအား ဝယ်ယူမှု ပယ်ဖျက်ခြင်းအတွက် နစ်နာကြေး သို့မဟုတ် လျော်ကြေးငွေကို တောင်းခံမည်မဟုတ်ပါ။ သို့သော် ကုန်ပစ္စည်းများ၏ အကြောင်းအရာသည် ဖော်ပြထားသည်၊ကြော်ငြာထားသည့် အချက်အလက်များနှင့် မတူညီခြင်း သို့မဟုတ် စာချုပ်အတိုင်း တူညီစွာ မဆောင်ရွက်နိုင်ခြင်းကြောင့် ဝယ်ယူမှုပယ်ဖျက်ခြင်းကို ပြုလုပ်ရသောအခါ၊ ကုန်ပစ္စည်းများကို ပြန်လည်ပေးပို့ရန်လိုအပ်သော ကုန်ကျစရိတ်များကို ကုမ္ပဏီမှ တာဝန်ယူပါသည်။

အသုံးပြုသူက ကုန်ပစ္စည်း လက်ခံရရှိချိန်တွင် ပို့ဆောင်ခကို ပေးဆောင်ထားရပါက၊ ကုမ္ပဏီသည် ဝယ်ယူမှုပယ်ဖျက်သည့်အခါ ထိုကျသင့်ငွေကို မည်သူမှ တာဝန်ယူမည်ကို အသုံးပြုသူများက လွယ်ကူစွာ နားလည်နိုင်ရန် တိကျပြတ်သားစွာဖော်ပြပါမည်

 

အပိုဒ် ၁၈ (ကိုယ်ရေးအချက်အလက် ကာကွယ်ရေး)

ကုမ္ပဏီသည် အသုံးပြုသူများ၏ အချက်အလက်များကို စုဆောင်းသောအခါ ဝယ်ယူမှုသဘောတူညီချက်ကို ပြုလုပ်ရန် လိုအပ်သော အနည်းဆုံးအချက်အလက်များကိုသာ စုဆောင်းပါသည်။ အောက်ပါအချက်များကို မဖြစ်မနေထည့်သွင်းရမည့် အချက်များအဖြစ် သတ်မှတ်ပြီး၊ အခြားအချက်များကို ရွေးချယ်နိုင်သော အချက်များအဖြစ် သတ်မှတ်ပါသည်။

၁။ အမည်

၂။ အသုံးပြုသူအိုင်ဒီ (ID)

၃။ Password

၄။ Emailလိပ်စာ

၅။ နေရပ်လိပ်စာ

၆။ မိုဘိုင်းဖုန်းနံပါတ်

၇။ ဖုန်းနံပါတ်

၈။ IP Address

၉။ ငွေပေးချေမှုမှတ်တမ်း

ကုမ္ပဏီသည် အသုံးပြုသူ၏ အမျိုးအမည်ဖော်ပြနိုင်သည့် ကိုယ်ရေးအချက်အလက်များကို စုဆောင်းရန် လိုအပ်ပါက၊ အဆိုပါ အသုံးပြုသူ၏ သဘောတူညီချက်ကို မဖြစ်မနေ ရယူပါသည်

ပေးအပ်ထားသော ကိုယ်ရေးအချက်အလက်များကို အသုံးပြုသူ၏ သဘောတူညီမှု မရှိဘဲ အခြား ရည်ရွယ်ချက်များအတွက် သို့မဟုတ် တတိယပါတီများသို့ပေးပို့ခြင်း မပြုလုပ်ပါ။ အဆိုပါ အခြေအနေများ အပေါ် သက်ဆိုင်သော တာဝန်အားလုံးကို ကုမ္ပဏီ တာဝန်ယူပါသည်။ သို့သော် အောက်ပါ အခြေအနေများတွင် ခြွင်းချက်အဖြစ် သတ်မှတ်ပါသည်။

၁။ ပို့ဆောင်မှုဆိုင်ရာ လိုအပ်ချက်အရ ပို့ဆောင်ရေးလုပ်ငန်းကို ပေးရန် လိုအပ်သည့် အသုံးပြုသူ၏ အနည်းဆုံး အချက်အလက်များ (အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်) ကို အသိပေးရခြင်း။

၂။ စာရင်းဇယားများ ပြုစုခြင်း၊ ပညာရေးဆိုင်ရာ သုတေသန သို့မဟုတ် စျေးကွက်လေ့လာရေးအတွက် လိုအပ်သည့် အခြေအနေအရ အထူးသဖြင့် တစ်ဦးချင်းကို ဖော်ပြနိုင်သော ပုံစံမဟုတ်သောအခါ။

၃။ ကုန်ပစ္စည်းနှင့် အခြားအရာများ၏ ဝယ်ယူငွေပေးချေမှုနှင့် ဆိုင်သော လိုအပ်ချက်များအတွက်။

၄။ အလွဲသုံးစားမှုကို ကာကွယ်ရန် မိမိကိုယ်တိုင် အတည်ပြုရန် လိုအပ်သောအခါ။

၅။ ဥပဒေတိုက်ရိုက်ပြဋ္ဌာန်းထားခြင်း သို့မဟုတ် ဥပဒေကြောင့် မလွဲမသွေ လိုအပ်သော အခြေအနေများတွင်။

ကုမ္ပဏီသည် ပုဒ်မ ၁ နှင့် ပုဒ်မ ၁တွင် ဖော်ပြထားသည့် အသုံးပြုသူ၏ သဘောတူညီချက်ကို ရယူရန်လိုအပ်သည့်အခြေအနေတွင် ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုတာဝန်ခံ၏ သက်ဆိုင်သော အသေးစိတ်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်၊ အခြား ဆက်သွယ်မှုနည်းလမ်းများ)၊ အချက်အလက်ကို စုဆောင်းရန် ရည်ရွယ်ချက်နှင့် အသုံးပြုရန် ရည်ရွယ်ချက်၊ တတိယပါတီများထံသို့ အချက်အလက် ပေးပို့မှုနှင့် ဆက်စပ်သော အချက်များ (ပေးပို့ခံရသူ၊ ပေးပို့ရသည့် ရည်ရွယ်ချက်၊ ပေးပို့မည့် အချက်အလက်များ၏ အကြောင်းအရာ) အစရှိသည့် သတင်းအချက်အလက်နှင့်ဆက်သွယ်မှုမြှင့်တင်ရေးနှင့် အချက်အလက် လုံခြုံမှုဆိုင်ရာဥပဒေ ပုဒ်မ ၂၃(၂) တွင် ဖော်ပြထားသည့် စည်းကမ်းများအတိုင်း ကြိုတင်အသိပေးရမည်ဖြစ်ပြီး အသုံးပြုသူသည် မည်သည့်အချိန်တွင်မဆို သဘောတူညီမှုကို ဖျက်သိမ်းနိုင်သည်။

အသုံးပြုသူသည် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီက သိမ်းဆည်းထားသော မိမိ၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုရန်နှင့် အမှားပြင်ဆင်ရန် တောင်းဆိုနိုင်ပြီး ကုမ္ပဏီသည် ဤတောင်းဆိုမှုကို ဖြေရှင်းရန်နှင့် လိုအပ်သော လုပ်ဆောင်မှုများကို နှောင့်နှေးမှုမရှိအောင် ပြုလုပ်ရမည့် တာဝန်ရှိပါသည်။ အသုံးပြုသူက အမှားပြင်ဆင်မှုကို တောင်းဆိုသည့်အခါတွင် ကုမ္ပဏီသည် ထိုအမှားကို ပြင်ဆင်ချိန်အထိ သက်ဆိုင်ရာ ကိုယ်ရေးအချက်အလက်များကို အသုံးမပြုပါ။

ကုမ္ပဏီသည် ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန်အတွက် ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲသူ အရေအတွက်ကို အနည်းဆုံးအရေအတွက်ဖြင့်ကန့်သတ်ထားပြီး ခရက်ဒစ်ကတ်၊ ဘဏ်အကောင့်ကဲ့သို့ အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်သည် ပျောက်ဆုံးခြင်း၊ ခိုးယူခြင်း၊ ဖော်ထုတ်ခြင်း၊ သို့မဟုတ် ပျက်စီးခြင်းကြောင့် အသုံးပြုသူ၏ အကျိုးဆုံးရှုံးမှုဖြစ်ပေါ်ပါက ကုမ္ပဏီသည် အပြည့်အဝ တာဝန်ယူပါသည်။

ဝန်ဆောင်မှုသို့မဟုတ် ဝန်ဆောင်မှုမှ ကိုယ်ရေးအချက်အလက်များကို ရရှိထားသော တတိယပါတီသည်၊ ကိုယ်ရေးအချက်အလက်ကို စုဆောင်းရသည့်ရည်ရွယ်ချက် သို့မဟုတ် ပေးပို့ခံရသည့်ရည်ရွယ်ချက် ပြီးစီးသည် နှင့်အတူ သက်ဆိုင်သော ကိုယ်ရေးအချက်အလက်များကို ချက်ချင်းဖျက်ဆီးရမည်

 

အပိုဒ် ၁၉ (အသုံးပြုခြင်းမရှိသော မန်ဘာဝင်)

မန်ဘာဝင်သည် နောက်ဆုံးဝင်ရောက်သည့်နေ့မှ နှစ်ကျော်အကြာအထိ ဝင်ရောက်လုပ်ဆောင်ခြင်း မရှိပါက အသုံးပြုခြင်းမရှ်သောမန်ဘာဝင်အဖြစ် ပြောင်းလဲကာ ဝန်ဆောင်မှုအသုံးပြုခြင်းကို ရပ်ဆိုင်းမည် ဖြစ်ပြီး၊ မန်ဘာဝင်၏ ကိုယ်ရေးအချက်အလက်များကို သီးခြားသိမ်းဆည်းထားမည်ဖြစ်သည်။

အသုံးပြုခြင်းမရှိသောမန်ဘာဝင်သည် ၁ နှစ်အတွင်း အကောင့်ဝင်ရောက်လျှင် မန်ဘာဝင်သည် ကိုယ်ရေးအချက်အလက်များကို ပြန်လည်ရရှိမည်ဖြစ်ပြီး ဝန်ဆောင်မှုကို ပုံမှန်အတိုင်း အသုံးပြုနိုင်မည်    ဖြစ် သည်။

အသုံးပြုခြင်းမရှိသောမန်ဘာဝင်သည် ၅ နှစ်ထက် အကောင့်ဝင်‌ရောက်မှုမရှိလျှင် မန်ဘာဝင်နှင့် ဆက်စပ်သော အားလုံးသော ကိုယ်ရေးအချက်အလက်များသည် ပျက်သွားမည်ဖြစ်ပြီး မန်ဘာအခွင့်အရေးကို ဆုံးရှုံးမည်ဖြစ်သည်။

 

အပိုဒ် ၂၀ (ကုမ္ပဏီ၏ တာဝန်ဝတ္တရား)

ကုမ္ပဏီသည် ဥပဒေများနှင့် ဤစည်းကမ်းသတ်မှတ်ချက်များနှင့် ဆန့်ကျင်သော မည်သည့် လုပ်ရပ်များတွင်မဆို ပါဝင်ဆောင်ရွက်ခြင်းမပြုပဲ ဤစည်းကမ်းသတ်မှတ်ချက်တွင် သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ဆက်လက်၍ တည်ငြိမ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ပေးသွားရန် အကောင်းဆုံး ကြိုးစားရမည်ဖြစ်ပါသည်။

ကုမ္ပဏီသည် အသုံးပြုသူများ လုံခြုံစိတ်ချရစွာ ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ (ခရတ်ဒစ်ကတ်အချက်အလက်ပါဝင်) ကို ကာကွယ်ရန် လုံခြုံရေးစနစ်များ ပြုလုပ်ရပါမည်။

ကုမ္ပဏီသည် ၎င်း၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ "တံဆိပ်ကပ်ခြင်းနှင့် ကြော်ငြာခြင်း ဥပဒေ" အပိုဒ် ၃ အတိုင်း တရားမျှတမှုမရှိသော တံဆိပ်ကပ်ခြင်းနှင့် ကြော်ငြာ ပြုလုပ်ခြင်းကြောင့် အသုံးပြုသူတွင် ဆုံးရှုံးမှုရှိလာပါက ၎င်းအား အလျော်ပေးရန် တာဝန်ယူပါသည်။

ကုမ္ပဏီသည် အသုံးပြုသူက မလိုချင်သော အကျိုးအမြတ်ရရန် ကြော်ငြာများကို Email သို့ပေးပို့မည် မဟုတ်ပါ။

 

အပိုဒ် ၂၁ (မန်ဘာဝင်၏ ID နှင့် Password နှင့်ပတ်သတ်၍ တာဝန်ဝတ္တရား)

အပိုဒ် ၁၈မှလွဲ၍ ID, Password စီမံခန့်ခွဲခြင်းတာဝန်မှာ မန်ဘာဝင်တွင်သာရှိပါသည်။

 မန်ဘာဝင်သည် ကိုယ်ပိုင် ID နှင့် Passwordကို တတိယပါတီများအား အသုံးပြုခွင့် မပေးရပါ။

မန်ဘာဝင်သည် ကိုယ်ပိုင် ID နှင့် Password ကို ခိုးယူခံခဲ့ရသော်လည်းကောင်း တတိယပါတီတစ်ဦးက အသုံးပြုနေသောကြောင်း တွေ့ရှိလျှင် ကုမ္ပဏီကို အမြန်အသိပေးပြီး ကုမ္ပဏီ၏ လမ်းညွှန်မှုအတိုင်း လိုက်နာရပါမည်။

 

အပိုဒ် ၂၂ (အသုံးပြုသူ၏ တာဝန်ဝတ္တရား) အသုံးပြုသူသည် အောက်ပါ အချက်များကို ပြုလုပ်လို့ မရပါ။

၁။ လျှောက်ထားခြင်း သို့မဟုတ် ပြောင်းလဲမှုများပြုလုပ်ရာတွင် အချက်အလက်မှားများဖြင့် စာရင်းသွင်းခြင်း။

၂။ အခြားသူ၏ အချက်အလက်ကို ခိုးယူခြင်း။

၃။ ဝန်ဆောင်မှုတွင်ဖော်ပြထားသော အချက်အလက်များ ပြောင်းလဲခြင်း။

၄။ ဝန်ဆောင်မှုမှ သတ်မှတ်ထားသော အခြားအချက်အလက်များ(ကွန်ပျူတာ ပရိုဂရမ်များ စသည်ဖြင့်)

ကို ပို့ခြင်း သို့မဟုတ် တင်ခြင်း

၅။ ဝန်ဆောင်မှုနှင့်ပတ်သတ်သော တတိယပါတီ၏ မူပိုင်ခွင့်များ သို့မဟုတ်ပစ္စည်းပိုင်ဆိုင်မှုများကို ချိုးဖောက်ခြင်း။

၆။ ဝန်ဆောင်မှုနှင့်ပတ်သတ်သော တတိယပါတီများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော သို့မဟုတ် ၎င်းတို့၏လုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေသော လုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း။

၇။ ညစ်ညမ်းသော သို့မဟုတ် ကြမ်းတမ်းသော မက်ဆေ့ချ်များ၊ ဗီဒီယိုများ၊ အသံဖိုင်များ သို့မဟုတ် အများပြည်သူဆိုင်ရာ စည်းမျဥ်းစည်းကမ်းနှင့် ဆန့်ကျင်သည့် အချက်အလက်များကို ထုတ်ဖော်ခြင်း သို့မဟုတ် ပိုစ့်တင်ခြင်း။

 

အပိုဒ် ၂၃ (Main Mall နှင့် Sub Mall အကြား ဆက်ဆံရေး)

အထက်ပါ 'မော်လ်' နှင့် အောက်ပါ 'မော်လ်' သည် ဟိုက်ပါလင့်ခ် (ဥပမာ - ဟိုက်ပါလင့်ခ်တွင် စာလုံးများ၊ ပုံများနှင့် ဗီဒီယိုများ စသည့်အရာများ ပါဝင်နိုင်ပါသည်) နည်းပညာဖြင့် ဆက်သွယ်ထားလျှင် ပထမအရာကို Main Mall(ဝက်ဘ်ဆိုက်) ဟုခေါ်ပြီး၊ ဒုတိယအရာကို Sub Mall(ဝက်ဘ်ဆိုက်) ဟုခေါ်ပါသည်။

Main Mall သည် Sub mallမှ သီးခြားပံ့ပိုးသော ကုန်ပစ္စည်းများအတွက် သုံးစွဲသူနှင့် လုပ်ဆောင်သော အရောင်းဝယ်မှုများအပေါ် အာမခံ တာဝန် မထားရှိပါဟု Main Mall ၏ မူလစာမျက်နှာ သို့မဟုတ် ချိတ်ဆက်သွားသော အချိန်တွင် Popup စာမျက်နှာဖြင့် ဖော်ပြလာပါက ဤအရောင်းဝယ်မှုအပေါ် အာမခံမှုတာဝန်မရှိပါ။

အပိုဒ် ၂၄ (မူပိုင်ခွင့် ထည့်သွင်းဖော်ပြခြင်းနှင့် အသုံးပြုမှု ကန့်သတ်ချက်)

ကုမ္ပဏီမှ ပြုလုပ်ထားသော လက်ရာများအတွက် မူပိုင်ခွင့်နှင့် အခြားသော ပစ္စည်းမူပိုင်ခွင့်များကို ကုမ္ပဏီက ပိုင်ဆိုင်သည်။

အသုံးပြုသူသည် ဝန်ဆောင်မှုကို အသုံးပြု၍ ရရှိသော အချက်အလက်များအတွင်း ကုမ္ပဏီ၏ ပစ္စည်းမူပိုင်ခွင့်များကို ကုမ္ပဏီ၏ အတည်ပြုချက်မပါဘဲ မိတ္တူကူးယူခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဝေခြင်း၊ ရုပ်သံထုတ်လွှင့်ခြင်း၊ သို့မဟုတ် အခြားနည်းလမ်းများဖြင့် အကျိုးအမြတ်အတွက် အသုံးပြုခြင်း သို့မဟုတ် တတိယပါတီများအား အသုံးပြုခွင့်ပြုခြင်း မပြုရပါ။

ကုမ္ပဏီသည် ဤစည်းကမ်းသတ်မှတ်ချက်အရ အသုံးပြုသူထံတွင် ရှိသည့် မူပိုင်ခွင့်များကို အသုံးပြုသည့်အခါ သက်ဆိုင်ရာ အသုံးပြုသူအား အသိပေးရပါမည်။

 

 

အပိုဒ် ၂၅ (အငြင်းပွားမှု ဖြေရှင်းခြင်း)

ကုမ္ပဏီသည် အသုံးပြုသူများ၏ ထင်မြင်ယူဆချက်များ သို့မဟုတ် တိုင်ကြားချက်များကို သုံးသပ်ကာ ပျက်စီးမှုအတွက် လျော်ကြေးပေးရန်အတွက် ပျက်စီးဆုံးရှုံးမှုလျော်ကြေးငွေ စီမံဆောင်ရွက်ပေးသည့် အဖွဲ့အစည်းကို တည်ထောင်ပြီး လည်ပတ်ဆောင်ရွက်ပါသည်။

ကုမ္ပဏီသည် အသုံးပြုသူများမှ တင်ပြသော တိုင်ကြားမှုများနှင့် ထင်မြင်ယူဆချက်များကို ဦးစားပေးဆောင်ရွက်ပါမည်။ သို့သော် အလျင်အမြန်လုပ်ဆောင်ရန်ခက်ခဲသော အခြေအနေတွင် အသုံးပြုသူအား ထို အကြောင်းပြချက်နှင့် လုပ်ဆောင်မှုအချိန်ဇယားကို ချက်ချင်းအကြောင်းကြားပါမည်။

ကုမ္ပဏီနှင့် အသုံးပြုသူကြား ပေါ်ပေါက်သော အီလက်ထရောနစ်ကုန်သွယ်ရေး အငြင်းပွားမှုနှင့် ပတ်သတ်သော အသုံးပြုသူ၏ ပျက်စီးမှု ပြန်လည်ဖြေရှင်းမှု တောင်းဆိုလာသောအခါ တရားဝင် ကုန်သွယ်ရေးကော်မရှင် သို့မဟုတ် တိုင်း၊ဒေသအုပ်ချုပ်သူမှ အကြံပြုသည့် အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ညှိနှိုင်းချက်ကို လိုက်နာနိုင်ပါသည်။"

 

အပိုဒ် ၂၆ (တရားစီရင်ပိုင်ခွင့်နှင့် အုပ်ချုပ်မှုဥပဒေ)

ကုမ္ပဏီနှင့် အသုံးပြုသူကြား ပေါ်ပေါက်သော အီလက်ထရောနစ်ကုန်သွယ်ရေး အငြင်းပွားမှုနှင့်ဆိုင်သော တရားစွဲဆိုမှုများကို လုပ်ထုံးလုပ်နည်းဥပဒေအရ အခြေခံတရားရုံးတွင် တင်ပြနိုင်ပါသည်။

ကုမ္ပဏီနှင့် အသုံးပြုသူကြား ပြုလုပ်သော အီလက်ထရောနစ်ကုန်သွယ်ရေး တရားစွဲဆိုမှုများတွင် ကိုရီးယား ဥပဒေကို အသုံးပြုပါမည်။

 

ဤ စည်းကမ်းသတ်မှတ်ချက်သည် [적용일자] မှစ၍ အကျုံးဝင်ပါသည်။